Tuesday 21 December 2010

တန်ဖိုးထား ထိန်းသိမ်းရမယ့် မိန်းမသား ဘဝ

ဒီခေါင်းစဉ်ကိုကြည့်ပြီး ဘလော့ခ်ဂါကိုကိုများ အားမပေးဘဲတော့ ပြန်မသွားပါနဲ့နော်။ ဘယ်သူ့ကို၊ ဘာကို ရည်ရွယ်ပြီး ရေးထားတာ မဟုတ်ပါဘူး။ ဒီနေ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ခုကြည့်ပြီး တွေးမိသွားတာကြောင့် ရေးမိသွားတာပါ။

မိန်းမသားတွေရဲ့ဘ၀မှာ ဆောင်ရန်၊ ရှောင်ရန်တွေ အရမ်းကိုများပါတယ်။ မိန်းမသားတွေက ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် ထိန်းသိမ်းနေထိုင်သင့်ပါတယ်။ ယောက်ျားလေးတွေက သူတို့ ကိုယ်တိုင်ကသာ ရှုပ်ချင်ပေမယ့် ကိုယ်ယူမယ့် မိန်းကလေးကိုတော့ ခြောက်ပြစ်ကင်း စေချင်တယ်တဲ့။ ဒါကဖတ်ဖူးတဲ့ စာသားလေး တစ်ခုပါ။ ပြောချင်တာက ယောက်ျားကောင်းရဖို့ အတွက် တန်ဖိုးရှိအောင်နေရမယ်လို့ ဆိုချင်တာမဟုတ်ပါဘူး။ ဘာအတွက်ပဲဖြစ်ဖြစ် မိန်းကလေးတွေက မိမိတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ရဲ့အပြုအမူတွေက ကိုယ်အတွက် ဘာမှ မဖြစ်လောက်ဖူးလို့ထင်ပေမယ့် သူများအမြင်မှာ အထင်သေးစရာ ဖြစ်တတ်ပါတယ်။ ဥပမာ- ယောက်ျားလေးဆန်ဆန်နေတတ်တဲ့ မိန်းကလေးက သူရဲ့ စိတ်မှာ ဘာမှ မရှိဘဲ သူရဲ့ ယောက်ျားလေးဆန်တဲ့စိတ်ကြောင့် ပြောဆိုဆက်ဆံတာ ပွင့်လင်းပြီး သွက်လက်နေတတ်ပါတယ်။ ပွင့်လင်းဖော်ရွေတာက ကောင်းတဲ့လက္ခဏာဖြစ်ပေမယ့် ဒါကို နားလည် မပေးတတ်တဲ့သူတွေကတော့ ဒီမိန်းကလေး အနေအထိုင်ရဲတင်းလိုက်တာလို့ထင်တတ်ကြပါတယ်။ ပြီးတော့ အထင်အမြင်သေးတတ်ကြပါတယ်။ ထင်တဲ့သူတွေဘက်ကကြည့်ရင်လည်း မမှားပါဘူး။ လူအမျိုးမျိုး၊ စိတ်ထားအမျိုးမျိုးတွေရှိတတ်ကြကြောင့်ပါ။ အမှန်ကတော့ မိန်းကလေး က မိန်းကလေး ပီပီနေသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ဘ၀ပေးအခြေအနေကြောင့် ဒီလိုပုံစံတွေ ရှိလာတတ်တာပါ။ မိန်းမသားတွေက မိန်းမဆန်ဆန်နဲ့ ပွင့်ပွင့်လင်းပုံစံရှိအောင်နေထိုင်မယ်ဆိုရင်တော့ အများရဲ့ အပြောကိုမခံရနိုင်တော့ပါဘူးလို့ထင်ပါတယ်။ ရဲတင်းတဲ့ပုံစံမဟုတ်ဘဲ ရဲရင့်တဲ့ပုံစံ ဖြစ်သင့်ပါတယ်။

နောက်ပြီးမိန်းကလေးတွေက ခေတ်ဆန်တတ်ကြပါတယ်။ ခေတ်ဆန်တာနဲ့ ခေတ်မီတာ မတူပါဘူး။ ခေတ်ဆန်တဲ့မိန်းကလေးတွေဆို အကောင်းမြင်လည်း ခဏပါ။ များသောအားဖြင့်တော့ ဒီမိန်းကလေးက ခေတ်ဆန်လိုက်တာဆိုပြီး negative view တွေနဲ့ဘဲ ကြည့်တတ်ကြပါတယ်။ ဒါပေမယ့် ခေတ်တော့မီသင့်ပါတယ်။

မိန်းကလေးတွေက အထူးသဖြင့် ယောက်ျားလေးတွေနဲ့ ပြောဆိုဆက်ဆံရာမှာလည်း မိန်းကလေးပီပီ အိနြေ္ဒရေရရ ပြောဆိုဆက်ဆံသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ရင်းရင်းနှီးနှီးနဲ့ ယောက်ျားလေးတွေနဲ့ တန်းတူ ပြောဆိုဆက်ဆံခဲ့ရင် အထင်မြင်သေးခြင်းခံရတတ်ပါတယ်။ ပြီးတော့ တန်ဖိုးလည်းမထားတတ်ကြပါဘူး။ မိန်းကလေးပီပီ အိနြေ္ဒရေ သိက္ခာရှိရှိ ပြောဆိုနေထိုင်သင့်ပါတယ်။ ဒါမှလည်း မိမိကိုယ်ကို တန်ဖိုးထားရာ ရောက်ပါမယ်။

မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ သဘာဝချင်းကစပြီး မတူညီတဲ့ အတွက် ဘာကိုဘဲလုပ်လုပ် မိမိရဲ့ မိန်းကလေးဆိုတဲ့ သဘာဝကိုတော့ ကျော်လွန်ပြီး မတွေးသင့်သလို၊ မလုပ်ဆောင်သင့်ဘူးလို့ ထင်ပါတယ်။ ဘာကိုပဲ လုပ်လုပ် မိမိရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးကို လျော့ပါးစေမယ့် အပြုအမူမျိုး မဖြစ်သင့်ပါဘူး။ အထူးသဖြင့် မြန်မာမိန်းကလေးတွေက မိမိတို့ရဲ့ တန်ဖိုးကို ကျဆင်းမသွားအောင် မိမိတို့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာနေထိုင်သင့်တယ်လို့ ထင်ပါတယ်။

မိန်းကလေးတွေကလည်း မိန်းမသားပီပီ ပြောဆိုနေထိုင် ဆက်ဆံသင့်သလို၊ အများကလည်း ပွင့်လင်း သွက်လက်တဲ့ မိန်းကလေးတိုင်းကို ရဲတင်းလိုက်တာလို့မတွေးဘဲ အကောင်းဘက်ကနေ ဖြည့်တွေးပြီး ပြောဆိုသင့်တယ်လို့ထင်ပါတယ်။ ခေတ်ဆန်တဲ့မိန်းကလေးတွေ မဟုတ်ဘဲ ခေတ်မီတဲ့ မိန်းကလေးတွေ ဖြစ်ပြီး မိမိဘ၀ကို တန်ဖိုးထားတတ်သော မိန်းကလေးများ ဖြစ်သင့်တယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေရဲ့ ဘ၀ဟာ ခြေတစ်လှမ်းမှားလိုက်တာနဲ့ တစ်ဘ၀စာပြင်မရတဲ့ အမှားတွေ ဖြစ်လာတတ်လို့ပါ။ ဒါကြောင့် မိန်းကလေးတိုင်း မိမိကိုယ်ကို တန်ဖိုးထားတတ်ပြီး အိနြေ္ဒရှိရှိနဲ့ မိန်းမ ပီသသော မိန်းမသားတွေ ဖြစ်စေချင်ပါတယ်။

5 comments:

  1. ၀င်ရောက်လေ့လာသွားကြောင်းပါ...... :P

    ReplyDelete
  2. သြော် မိန်းကလေးများဘ၀ မလွတ်လပ်လိုက်တာနော် ......။

    ReplyDelete
  3. အင်း----- မိန်းကလေးတွေတကယ်ကိုသတိထားသင့်ပါတယ်.

    ReplyDelete
  4. ဟုတ်ကဲ့ ဟုတ်ကဲ့..
    အနေအထိုင်ဆင်ခြင်ပါ့မယ်း)))

    ReplyDelete
  5. ကျနော်တို့ ကျောင်းသားဘဝကဆိုရင် ဆံပင်ရှည်လေးနဲ့ လမ်းလျှောက်သွားတဲ့ ကောင်မလေးမျိုးဆို သိပ်မစရဲကြဘူး။
    ဒါတောင်အပြင်အဆင်ပဲ ရှိသေးတာ။
    ခေတ်နဲ့လည်းညီ ကိုယ်တိုင်လည်း စံ တခုသတ်မှတ်ပြီး နေနိင်ရင်တော့ အကောင်းဆုံးပါပဲ

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ